အမြို့မြို့အနယ်နယ်သတင်းများ

Nov 10,2022
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် မြို့နယ်အတွင်း ဖြတ်သန်းသွားလာသူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/ မရှိ နှင့်နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇နာရီခွဲမှ ၉နာရီအထိ ကျောင်တန်းမြို့နယ် မြို့မစျေးရှေ့၌ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
Nov 10,2022
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင့်ရိုးရာ ဒုံးအကပြိုင်ပွဲ ပဥ္စမနေ့ (နောက်ဆုံးနေ့) ကို ယမန်နေ့ မွန်းလွဲ ၅ နာရီခန့်မှစ၍ ဘားအံမြို့၊ သီရိကွင်းရှိ ဒုံးစင်မြင့်ထက်၌ ဆက်လက်ကျင်းပသည်။
Nov 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့ကကွမ်းခြံကုန်းမြို့နယ် ကမာပါစျေးပိုင်းကျေးရွာအ-မ-ကကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 10,2022
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Nov 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “လူငယ်များကိုပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 10,2022
ကိုဗစ်-၁၉ ကပ်ရောဂါ ပြည်တွင်းကူးစက်ဖြစ်ပွားသည့် ကာလမှ လွဲ၍ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိသော ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်များတွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ထည့်သွင်းကျင်းပလာခဲ့သည်မှာ အစဉ်အလာ တစ်ရပ် ဖြစ်ပြီး (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ ပြိုင်ပွဲ နောက်ဆုံးနေ့ကို ယမန်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်၍ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သံလွင်ကွင်း၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
Nov 10,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက် ၁၀ နာရီက (၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အကြို စာအုပ်၊ စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 10,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက် ၁၀ နာရီက (၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အကြို စာအုပ်၊ စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။