ကလေး နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “လူငယ်များကိုပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် Book Club အဖွဲ့ဝင် စာပေဝါသနာရှင် ဦးဖိုးကျော်မှ နတ်သျှင်(ရွှေဂူ) ရေးသားပြီး ကောင်းဆုသာစာပေမှထုတ်ဝေသော “လူငယ်များကိုပြုစုပျိုးထောင်ပေးပါ” စာအုပ်တွင် ပါဝင်သည့် “စာဖတ်ခြင်းအတတ်ပညာနှင့် အတွေးများလှစေချင်သည်” ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက သက်ဆိုင်ရာ ခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများကို နှစ်ပတ်လျှင်တစ်ကြိမ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကလေး(ပြန်/ဆက်)