ရေဖြူ နိုဝင်ဘာ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက် ၁၀ နာရီက (၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အကြို စာအုပ်၊ စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြသရာတွင် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များအားသိရှိပြီး လေ့လာဖတ်ရှုနိုင်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်၊ စာစောင် ၁၀၀ အုပ်ကို ပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုသည်။
ရေဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြိုင်ပွဲများ၊ ပြပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခတ္တာ