သန်လျင်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ Talk Show ကျင်းပ

သန်လျင် နိုဝင်ဘာ ၁၀

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ခင်သီတာအောင်တို့က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဥ်း၍ လူငယ်အသိပညာပေးလုပ်ငန်းများ၊ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကြောင်းအတတ်ပညာ၊ သင်ကြားပေးလျက်ရှိသည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးကြသည်။

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)