အမြို့မြို့အနယ်နယ်သတင်းများ

Nov 10,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား  ကလေးမွေးဖွားရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ သဒ္ဓမ္မပါလဇောတိကာရုံကျောင်းတိုက်တွင် ကျောင်းတိုက်ဆရာတော် အမှူးပြု၍ လမ်းသူလမ်းသားများ၏ စုပေါင်းကုသိုလ်ပြုမှုဖြင့် လည်းကောင်း၊ အမှတ်(၈)ရပ်ကွက်၊ ရတနာ(၃)လမ်းနှင့် ကြံတိုင်းအောင်(၄)လမ်းကြားရှိ ဇမ္ဗူဒီပရတနာကျောင်းတိုက်တွင် ကျောင်းတိုက်ဆရာတော် အမှူးပြု၍ ရတနာ(၃)လမ်း လမ်းသူလမ်းသားများ၏ စုပေါင်း ကုသိုလ်ပြုမှုဖြင့်လည်းကောင်း အဆိုပါ
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ်ရုံးနှင့် ပူးပေါင်း၍ "မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်" Talk Show ပြုလုပ်ခဲ့သည်။
Nov 10,2022
ဟားခါးမြို့နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ဦးစီး၍ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ထောင်းဇခုပ်လမ်းရှိ ဒေသခံပြည်သူများ၏နေအိမ် (၂၅)အိမ်သို့ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 10,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ အသိပညာ ဗဟုသုတဖွံ့ဖြိုး တိုးတက်စေရေးတို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး‌ အသိပညာပေးဟောပြောပွဲများ ပြပွဲ၊ပြိုင်ပွဲများကို ကျင်းပ‌ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ် (၃၀) အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ လူငယ်ရေးရာဟောပြောပွဲ၊နံရံကပ် စာ စောင်ပြပွဲ စာအုပ်ပြပွဲတို့ကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 10,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် Pilot Project စီမံချက်ဖြင့် မြေပြင်လူဦးရေစာရင်း ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ကျိန္တလီမြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 10,2022
၂၀၂၂ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် နေ့လွတ်အရုပ် ခြေနှစ်ချောင်း၊ ခြေလေးချောင်းပြိုင်ပွဲတွင် ဆုရရှိသူများအားဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၅)နာရီက တောင်ကြီးမြို့၊  စူဠာမုနိ လောကချမ်းသာ စေတီတော်ရင်ပြင်၌ကျင်းပသည်။