နမ့်စန်တွင် ၁၄ နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နမ့်စန်() နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် OLD STAR အဖွဲ့တို့ကြီးမှူး ကျင်းပသော Smile Place Guest House ဖလား အသက် (၁၄) နှစ်အောက် ကျောင်းပေါင်းစုံ  အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နမ့်စန် အ-ထ-က ကျောင်း အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြိုင်ပွဲစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ဦးစန်းယုဆွေ က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးကို ပြိုင်ပွဲဝင်အသင်းများက စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုခဲ့ကြသည်။

အဆိုပါ Smile Place Guest House ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ  အမျိုးသားဘောလုံးပြိုင်ပွဲတွင် နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဘောလုံးအသင်း သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ဖွင့်ပွဲနေ့ပွဲစဉ်အဖြစ် အလက-ခွဲ(တာဆိုင်း) ကိုယ်စားပြုဘောလုံးအသင်းနှင့် အထက(ခိုလမ်) ကိုယ်စားပြုဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အလက-ခွဲ (တာဆိုင်း)  အသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)