အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်နေ ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်ရေးအတွက် ပါးစပ် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 11,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သန်လျင်သဘာဝတရားရိပ်သာသို့ ဆပ်ကပ်လှူဒါန်းသော ဆွမ်းဆန်တော်အိတ် (၅၀၀)လွှဲပြောင်း ဆပ်ကပ်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စုရှိ သန်လျင်သဘာဝတရားရိပ်သာ သတိပဌာန်ဓမ္မာရုံ၌ ကျင်းပသည်။
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦးကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းက ကြီးမှူး၍ ထိခိုက်ဒဏ်ရာ ရှေ့ဦးပြုစုခြင်း သင်တန်း အမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်းပွဲကို ယ‌နေ့နံနက် ၉နာရီက ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ၊ ဘုန်းတော်ကြီး‌ကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 11,2022
ယခုနှစ် ရာသီဖွင့်စတွင် ရေဖြူဒေသ၌ ရာဘာအစေးပြားစျေးမှာ မနှစ်ကရာသီထက် စျေးပိုကောင်းနေကြောင်း ရာဘာတောင်သူများထံကသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ရာဘာအစေးပြားတစ်ပေါင်လျှင် ၉၀၀ ကျပ် စျေးဖြင့်စခဲ့ရာ ယခုနှစ်တွင် ၁၂၅၀ ကျပ် စျေးပေါက်နေကြောင်း သိရသည်။
Nov 11,2022
ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ရရှိရေးအတွက် ဆီထွက် နေကြာသီးနှံများကို စိုက်ပျိုးလျက် ရှိရာ စိုက်ပျိုးမှုစနစ်တကျရှိစေရေးအတွက် သီးညှပ် ၊သီးထပ်စိုက်ပျိုးမှု များအား ကွင်းဆင်းကြည့်ရှုအားပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ယမန်နေ့က လိုက်လံဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Nov 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၀၉၉၉ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။