​ယခုနှစ် ရေဖြူဒေသ၌ ရာဘာရာသီအဖွင့်တွင် မနှစ်ကထက် စျေးကောင်းရရှိ

ရေဖြူ နိုဝင်ဘာ ၁၁

ယခုနှစ် ရာသီဖွင့်စတွင် ရေဖြူဒေသ၌ ရာဘာအစေးပြားစျေးမှာ မနှစ်ကရာသီထက် စျေးပိုကောင်းနေကြောင်း ရာဘာတောင်သူများထံကသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ရာဘာအစေးပြားတစ်ပေါင်လျှင် ၉၀၀ ကျပ် စျေးဖြင့်စခဲ့ရာ ယခုနှစ်တွင် ၁၂၅၀ ကျပ် စျေးပေါက်နေကြောင်း သိရသည်။

ရာဘာပင်ကို ရေဖြူဒေသတွင် အများဆုံးစိုက်ပျိုးကြပြီး ဒုတိယနှစ်ရှည်သီးနှံပင်အဖြစ် ကွမ်းသီး ပင်ကို စိုက်ပျိုးကြသည်။ မနှစ်က ရာသီအစတွင် တစ်ပေါင်လျှင် ၉၀၀ ကျပ် စျေးဖြင့် စျေးဖွင့်ခဲ့ပြီး ရာသီအကုန်တွင် တစ်ပေါင်လျှင် ၁၃၅၀ ကျပ်ဖြင့် ရရှိခဲ့သည်။ ယခုနှစ်မှာတော့ ရာသီအစမှာပင် တစ်ပေါင်လျှင် ၁၂၅၀ ကျပ်နှုန်းဖြစ်နေသဖြင့် တဖြည်းဖြည်းစျေးတက်လာနိုင်သေးကြောင်း ရာဘာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ခတ္တာ