ကျုံပျော် နိုဝင်ဘာ ၁၁
ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ရရှိရေးအတွက် ဆီထွက် နေကြာသီးနှံများကို စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးမှုစနစ်တကျရှိစေရေးအတွက် သီးညှပ် ၊သီးထပ်စိုက်ပျိုးမှု များအား ကွင်းဆင်းကြည့်ရှုအားပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ယမန်နေ့က လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒုလက်ထောက် ဦးစီးမှူးနှင့် ကျေးရွာတာဝန်ရှိသူတို့က ကျွဲခြံဒေါင့် ကျေးရွာအုပ်စု၊ သပြေငူကျေးရွာတွင် ရေဆင်း ၁ စပ်မျိုး ဆောင်းသီးနှံနေကြာ သီးသန့်စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးပြီး နည်းစနစ်တကျ စိုက်ပျိုးဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် နေကြာစိုက်ပျိုးရန် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၂)ခုရှိပြီး၊ သီးသန့် (သီးထပ်) ၇၅ % (၈၃၃၀) ဧကနှင့် သီးညှပ် ၂၅ % (၂၇၇၆) ဧက၊ စုစုပေါင်း (၁၁၁၀၆)ဧက လျာထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)