Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့နယ်တွင် တစ်ဧကစပါးတင်း(၁၀၀)ထွက်ရှိရေး မနောသုခစပါးမျိုးများ စတင်ပျိုးထောင်
Jul 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေးအတွက် စီမံကိန်းများရေးဆွဲပြီး (၅၂၈၁၇)ဧကလျာထား စိုက်ပျိုးသွားမည်ဖြစ်ရာ ယနေ့နံနက်(၉)နာရီက စပါယ်တောကျေးရွာအုပ်စု၊ မဲကုန်းကျေးရွာ ကွင်းအမှတ်(၃၀)၊ ဦးပိုင်အမှတ်(၄၉-က) တောင်သူဦးမျိုးမြင့်ပိုင်ဆိုင်သော လယ်မြေ(၁၂)ဧကတွင် တစ် ဧကစပါးတင်း(၁၀၀)ထွက်ရှိရေး စပါးတစ်ဧက တစ်တင်းနှုန်းအသုံးပြုပြီး သိပ္ပံနည်းကျစနစ်ဖြင့် စပါးမျိုးများ စတင်ပျိုးထောင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့ သုခလမ်း၌ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jul 25,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီကာလ၌ ရေစီးရေလာကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၂၆.၀၀၀) ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက် သုခလမ်း၌ အုတ်စီရေမြောင်း ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ဒေသအဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 25,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဒေသအဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို
အပြည့်အစုံ ဖတ်ရန်
အောင်တော်မူစေတီကြီး၏ ရွှေထီးတော် လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်နိုင်ရေး ဆွေးနွေးညှိနှိုင်း
Jul 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် အသစ်တည်ထားပူဇော်သည့် ဉာဏ်တော် ၁၀၈ ပေရှိသော အောင်တော်မူ စေတီတော်ကြီး၏ အမြင့် ၁၈ ပေ အချင်း ၆ ပေရှိ ရွှေထီးတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းနှစ်လွှာ ဆက်ကပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်တော်မူဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့တွင် လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Jul 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ စက်မှုရပ်၊ ရွှေတောင်တန်း ကားဝပ်ရှော့ရုံတွင် ယမန့်နေ့ နံနက် (၁)နာရီ (၅၀)မိနစ်အချိန်က လုပ်ငန်းသုံးရန် တပ်ဆင်ထားသော လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ ဝါယာကြိုးတစ်လျှောက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ အမှတ်(၁)ရပ်ကွက် အောင်သပြေလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Jul 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 25,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟု သုတဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့ (အထက)ကျောင်း၌ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 25,2022
ရခိုင်ပြည်နယ် ပေါက်တောမြို့ (အထက) ကျောင်း၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အဆိုပါ ကျောင်းရှိ ရွှေဘန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17767
Page
17768
Page
17769
Page
17770
Current page
17771
Page
17772
Page
17773
Page
17774
Page
17775
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department