မောင်တော နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီအချိန် ရပ်ကွက်၊ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ ထမ်းဆောင်နိုင်ရေး ပြည်သူလူထုများ၏ လိုလားချက်များ၊ ရပ်ကွက်/ကျေးရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များအားလည်းကောင်း ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးကျော်ရှိန်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ် ၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ပြုလုပ်ပေးနေမှုများ ၊ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများလည်းကောင်း ၊ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးကိစ္စရပ်များ၊ စစ်ကြောင်းများက မိမိတို့ဌာနများအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
အောင်ကျော်စိန် ၊သက်လွင်စိုး(ပြန်/ဆက်)