အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီ အချိန်က အထကကျိုက်မရော ပညာ့အားမာန်ခန်းမ၌ ပြုလုပ်သည်။
Nov 15,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဗူးဖြင့်လက်တွေ့မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 15,2022
ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့်ဗဟုသုတများရရှိစေရန် စာပေကိုလက်ဝယ်အရောက်‌ လေ့လာဖတ်ရှုနိုင်‌စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့်သုတ/ ရသစသည့် စာအုပ်စာစောင်များကို ယနေ့နံနက်က ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။
Nov 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။
Nov 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ အသိပညာပေးနံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့် အသိပညာဗဟုသုတ အလွယ်တကူရရှိစေရန်အတွက် လစဉ်အသိပညာပေးနံရံကပ်များကိုပြသလျက်ရှိရာ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အတွက် နံရံကပ်စာစောင်များပြသထားရှိကြောင်း သိရသည်။
Nov 15,2022
ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊ ကာလိမြို့ ၌  (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် သတင်းစားကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူ
Nov 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီချိန်က ဆောင်ရွက်ခဲ့သည်။