အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်းသိရသည်။
Nov 16,2022
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) စာဖတ်ဝိုင်း၊ ကဗျာရွတ်၊ ဂိမ်းကစားပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အထက်တန်းဆင့်၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာစပ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း)၊ မြရတနာဆောင်၌ ကျင်းပသည်။
Nov 16,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လွိုင်လင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများကို ခရိုင်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် (၀၉:၃၀) နာရီက ကွင်းဆင်းစစ်ဆေးကြသည်။
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်း အချိန်က ဖျာပုံခရိုင်လူထု အခြေပြုဗဟိုဌာန CommunityCentre ခန်းမတွင် ကျင်းပပြုလုပ်သည်။
Nov 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက  အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နို၀င်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် "အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အမျိုးသမီးများ၏ တန်ဖိုးခေါင်းစဉ်ဖြင့် Book Club အဖွဲ့စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။