အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှမြို့တွင်းလမ်းဘေးဝဲယာရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 14,2022
စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများအတွက် Physical Fitness Danceနှင့် ကရာတေးဒိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်(၁၄)ရက်၊ နံနက်(၉)နာရီက အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 14,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သွေးလွန်တုတ်ကွေးရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြို တင်ကာကွယ်ရေးအနေဖြင့်  ယနေ့ နံနက် ၈ နာရီ အချိန်က တောင်ရပ် ရပ်ကွက်သို့ သွားရောက်၍ သွေးလွန်တုတ်ကွေးရောဂါ  ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟော ပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 14,2022
ခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရမ်းဗြဲမြို့နယ်၊ ရမ်းပေါက်ချောင်းဖျားအုပ်စု၊ ထိန်တွေကျေးရွာတွင် ကျင်းပပြုလုပ်ကြကြောင်းသိရသည်။
Jun 14,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဘေးဝဲယာတစ်လျောက် ပေါင်းမြက်သစ်ပင်များအား  ခုတ်ထွင်ရှင်းလမ်းခြင်းနှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။
Jun 14,2022
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ရပ်ကွက်/ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းများအား ရပ်ကွက်/ ကျေးရွာများ အလိုက် အဖွဲ့များခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅) နှစ်မှ အသက် (၁၂) နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေ း(Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ အမှတ်(၃၁) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်း (၁/၂ဝ၂၂) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။