Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေတိဂုံစေတီတော်တွင် ၁၃၈၄ ခုနှစ် နယုန်လပြည့် မဟာသမယ အခါတော်နေ့ အခမ်းအနားကျင်းပ ပြုလုပ်
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ယမန်နေ့ နံနက် ၅ နာရီအချိန်က သာသနာတော် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာစ် ၁၃၈၄ ခုနှစ် နယုန်လပြည့် မဟာသမယ အခါတော်နေ့အတွက် ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့၀င်များ၊ စေတီတော်၀န်ထမ်းများ၊ ဘာသာရေး အသင်းအဖွဲ့များတို့ အပါအ၀င်စုစုပေါင်း အင်အား (၁၂၀)ဦး ခန့်တို့မှ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် များတန်ဆောင်း၌ ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ပါ ဆရာတော် (၁၁) ပါး တို့ အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Jun 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကိုဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ် (၂)ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်းတွင် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင်(၁၉) ကြိမ်မြောက် သံဃာအပါး ၁၅၀ အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
Jun 14,2022
မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်အတွင်းရှိ ရတနာမာရ်အောင်စေတီတော်တွင် (၁၉) ကြိမ်မြောက်သံဃာအပါး ၁၅၀ အား ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းပွဲကို ယမန့်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်တွင် ယိုမျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်
Jun 14,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုမျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းအုပ်စု၊ သပြေပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတိဂုံစေတီတော်နယုန်လပြည့်နေ့ မဟာသမယနေ့ အခမ်းအနားကျင်းပ
Jun 14,2022
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေခြင်းငှာ သာသနာတော်အကျိုး၊ စေတီတော်အကျိုးတို့ကို ရှေ့ရှုလျက် မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာ နေ့ထူးနေ့မြတ် အခါတော်နေ့အခမ်းအနားများကို ၁၂လရာသီပတ်လုံး စဉ်ဆက်မပြတ် ကျင်းပလျက်ရှိရာ မြတ်ဗုဒ္ဓ၏အဆုံးအမတော်များမှ မဟာသမယဒေသနာတော်ကို ဟောကြားတော်မူခဲ့သည့် နယုန်လပြည့်နေ့တွင် ရှေးရှေးက ဗုဒ္ဓဘာသာ သူတော်ကောင်းကြီးများ ပြုလုပ်ခဲ့ကြသည့် နည်းထုံးများကို နှလုံးမူပြီး ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာများအတိုင်း သာသနာတော်နှစ် ၂၅၆၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ် နယုန်လပြည့်နေ့၊ ခရစ်နှစ် ၂၀၂၂ခုနှစ် ဇွန်လ ၁၃ ရက်၊ တနင်္လာနေ့တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ နယုန်လပြည့်မဟာသမယနေ့ အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဥရုချောင်းရေများဝင်ရောက်ခဲ့သည့် ဖားကန်မြို့အတွင်းမှ မြေနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများအား ထမင်းထုပ်နှင့် ရေသန့်ဘူးများ လိုက်လံဝေငှ
Jun 14,2022
ဥရုချောင်းရေများ ဝင်ရောက်ခဲ့သည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန်မြို့အတွင်းမှ မြေနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများအား ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်ခန့်က ထမင်းထုပ်နှင့် ရေသန့်ဘူးများကို အသီးသီး လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံ
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉:၀၀) နာရီကစ၍ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်းမြို့၌အေးချမ်းစွာပညာသင်ကြားလျက်ရှိ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jun 14,2022
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ကို ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းက သူနာပြုသင်တန်းကျောင်းချယ်ရီ ခန်းမဆောင်၌ ထိုးနှံပေးလျက်ရှိရာ ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17702
Page
17703
Page
17704
Page
17705
Current page
17706
Page
17707
Page
17708
Page
17709
Page
17710
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department