အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဇွန်လ ၁၄ ရက်၊ ယနေ့နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 14,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ ရှမ်းထက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 14,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်အတိုင်း ကျောင်းသားကျောင်းသူများ အား ပညာသင်ယူခွင့် အခွင့်အအလမ်းများရရှိလာစေရန် အတူနေမိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွား မှုကိုတားဆီးရန် ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန်၁ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိပြီး ဇွန်လ ၁၄ရက်၊ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၆၇၈၀ ဦးထိုးနှံပေးဖြစ်ဖြစ်ကြောင်း ညောင်ဦးခရိုင်၊ အခြေခံပညာဦးစီးဌာနထံကသိရသည်။
Jun 14,2022
မန္တလးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာအုပ်စုအတွင်းရှိ ကွန်ပျူတာ တက္ကသိုလ် (မန္တလေး) တွင် ပထမအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီက အဆိုပါ တက္ကသိုလ်၀င်းအတွင်းရှိ ကျောင်းအလယ်လမ်းဘေးတွင် တစ်ပျော်တစ်ပါး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ ကြောင်းသိရသည်။
Jun 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲတို့ပူးပေါင်း၍  မီးသွေးဘုတ် ကျေးရွာအုပ်စု၊ ကန်တွင်းကျေးရွာတွင်  ယနေ့နံနက်(၁၀)နာရီက  အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Jun 14,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ ၆/၂၀၂၂ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကျေးရွာစာကြည့်တိုက်အတွက် ထောက်ပံ့ငွေနှင့် စာစောင်များ လှူဒါန်းပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။