အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက် အနော်ရထာလမ်းနှင့် ကျန်စစ်သားလမ်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ယနေ့ နံနက်ပိုင်းက ရေနုတ်မြောင်း တူးဖော်ပေးခဲ့ကြောင်း သိရသည်။
Jun 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Jun 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ အကြောင်းအရာများအား ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်၉နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် ကြီးပွားချမ်းသာနည်းအဖြာဖြာစာအုပ်အား ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် မိုးရွာသွန်းမှုများသောကြောင့် နန့်ရင်းချောင်းရေအမှတ် (၆၀၂)စင်တီမီတာနှင့် နန့်ကောင်းချောင်းရေအမှတ် (၅၇၄)စင်တီမီတာသို့ ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဇွန်လ (၁၄)ရက် နံနက် (၆)နာရီခွဲအချိန် တိုင်းထွာချက်အရ သိရသည်။
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သရက်တပင် ကျေးရွာအုပ်စု၊ ရှားဖြူကုန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။