အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးသီးနှံ ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဆောင်းနေကြာ သီးညှပ်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျွန်းကလေးကျေးရွာ၌ ပြုလုပ်ခဲ့သည်။
Nov 16,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင်ပါ ဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက် လက်ထိုးနှံပေးခဲ့ကြသည်။
Nov 16,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့သို့ရောက်ရှိပြီး ပူတာအိုမြို့နယ် ပူတာအိုလွင်ပြင်ပတ်လမ်းအတွင်း လမ်းတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(Community Centre)ခန်းမ မြို့နယ်စာကြည့်တိုက်အတွင်း၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀နာရီ ၃၀အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယမန်နေ့ နံနက် ၁၀ နာရီက နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ​မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်တွင် ကျရောက်မည့် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ‌ဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို အထက မကျီးကွင်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Nov 16,2022
ပြည်နယ်အတွင်းစိုက်ပျိုးထွက်ရှိသည့် ရာသီစပါးများအား ဆန်ချောအဖြစ် ထုတ်လုပ်ရောင်းချခြင်းဖြင့် လယ်ယာထွက်ကုန်ရောင်းချမှုကဏ္ဍ တိုးမြှင့်လာစေရေး ဘားအံမြို့၊ ထီးဖိုးကလုံးကျေးရွာ အနီး၌ တန် ၁၀၀ ဆန်စက် တည်ဆောက်လိုသော ပြည်နယ်အတွင်းမှ ဆန်စက်လုပ်ငန်းရှင်များအား ယမန်နေ့နံနက် ၁၁ နာရီခန့်က ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။