အမြို့မြို့အနယ်နယ်သတင်းများ

Jun 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် ဘေးအန္တရာယ်တုံ့ပြန်မှုလုပ်ငန်းအစီအစဉ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
Jun 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် နေကြာမျိုးစေ့ထုတ်သမဝါယမ အသင်းများသို့ အရင်းမပျောက်မတည်ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Jun 16,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီကာလတွင် လမ်းပေါ်၌ရေများတင်ကျန်မှု မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၁၂.၀၀၀) ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက်၊ ယုဇနလမ်းဘေး အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 16,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် နွေပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများ စိုက်ဧက ၁၇၁၆ ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေပြီး ဆွတ်ခူးရောင်းချချိန် တစ်တင်း ၄၂၀၀၀ကျပ်ရောင်းချနေရခြင်းကြောင့် လျှပ်စစ်မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် ပဲတီစိမ်းစိုက်ပျိုးတောင်သူများတွက်ခြေကိုက်နေကြကြောင်းသိရသည်။
Jun 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ (၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိကျေးရွာများတွင် ဒေသထွက်သီးနှံများအား ရာသီအလိုက် စိုက်ပျိုးထားရှိရာ ယခုကာလထွက်ရှိသည့် နဂါးမောက်သီးများ မကြာမီစျေးကွက်အတွင်း ရောက်ရှိတော့မည်ဖြစ်သည်။
Jun 16,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာ မိမိခြံဝိုင်းအတွင်း စိုက်ပျိုးထားရှိသော ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးထားရှိသော အပင်မှ ယခုနှစ် အသီးသီးနှုန်းကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၁၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်ခင်းဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း သိရသည်။