အမြို့မြို့အနယ်နယ်သတင်းများ

Jun 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅)နှစ်မှ အသက်(၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား
Jun 16,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ မဒေါ့ကန်ကျေးရွာတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ လူနေအိမ် ( ၁ )လုံး မျောပါသွားခဲ့ကြောင်း သိရသည်။
Jun 16,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန့်နေ့ ညနေပိုင်းက တိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
Jun 16,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေး၌ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်း ပံ့ပိုးပေးပြီး ခရိုင်အတွင်းရှိ ကျေးရွာ ၃၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Jun 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်များသို့ အခြားဒေသ များမှ တိုက်ပွဲရှောင်ကာ လာရောက်နေထိုင်ကြသည့် ပြည်သူများအား နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ ဆန်၊ ဆီ၊ ပဲ၊ ဆား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို
Jun 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ စိုက်သိပ္ပံ(ပျဉ်းမနား)စမ်းသပ်စိုက်ကွင်းတွင် ပြောင်းစိုက်တောင်သူများနှင့် စိုက်သိပ္ပံကျောင်းမှ ကျောင်းသား/ကျောင်းသူများအား Inter Row Rotary Cultivator စက်ဖြင့် အစေ့ထုတ်ပြောင်းကြားပေါင်းလိုက်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီတွင် ကျင်းပသည်။
Jun 16,2022
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေပေးရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများစသည့်တို့အား ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က သပြေညွန့်ကျေးရွာတွင်ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း  သိရသည်။