အမြို့မြို့အနယ်နယ်သတင်းများ

Jun 20,2022
ပဲခူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုကြီးကြပ်မှု‌ကော်မတီတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက စစ်ပင်ဆိပ်ကျေးရွာအုပ်စု၊ စစ်ပင်ဆိပ်ကျေးရွာရှိ တောင်သူဦးသန်းဇော်၏ ကိုင်းမြေ (၃)ဧကတွင် စိုက်ပျိုးထားသော
Jun 20,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မြို့နယ်အသင်းမှတ်ပုံတင်ရေးအသင်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 20,2022
ပျော်ဘွယ်မြို့နယ်ရှိ စာပေဝါသနာရှင်များစုပေါင်း၍ စာရေးသူ နေမထူး ရေးသားသည့် အနက်ရောင်လွင်ပြင် စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 20,2022
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မိမိတို့ဌာန၏ လုပ်ငန်းစဉ်များကို အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် အများပြည်သူများအား အသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် Talk Show များအား အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးပေးနေပြီး ပြည်သူများထံသို့ Online မှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန Community Center တွင် စနစ်တကျအမှိုက်စွန့်ပစ်ခြင်း အသိပညာပေး Talk Show ဆောင်ရွက်ပေးခဲ့သည်။
Jun 20,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာ(မိုး)သီးနှံ သီးသန့်၊ သီးညှပ်စိုက်ပျိုး နေမှု အခြေအနေများကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် ဝန်ထမ်းများက အင်းကုန်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။
Jun 20,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့်စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၄နာရီအချိန်က အဆိုပါတက္ကသိုလ် (Recreation Center) နှစ်ထပ်ဆောင်ခန်းမ၌ ကျင်းပသည်။
Jun 20,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ဒေသဝမ်းစာဖူလုံရေးအတွက် တောင်သူများ လယ်ယာသုံးစက် ကိရိယာများ ပိုမိုသုံးစွဲ လာစေရေး စက်မှုလယ်ယာဦးစီးဌာနမှ လက်ကိုင်ရှည် လက်တွန်းထွန်စက် (၁၀)စီးအား အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူး ရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကန်တုတ်ကျေးရွာအုပ်စု၊ ဆောင့်ညောင်ကျေးရွာရှိ သောက်သုံးရေကန်တွင် သဘာဝပေါက်ရောက်နေသော ပဒုမ္မာကြာဖြင့် ကြာခြည်ထုတ်လုပ်နိုင်ရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့သည်။