Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Jun 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်၂၀၂၂-ခုနှစ်ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကိုယနေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် ကစောပလိုအလယ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်
Jun 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဦးစီး၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ထိရောက်အောင်မြင်စေရန်၊ ကျေးရွာလူထုကို စည်းရုံးနိုင်စေရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်၏ အခန်းကဏ္ဍကို သိရှိနားလည်ပြီး ကျင့်သုံးတတ်လာစေရန်ရည်ရွယ်၍ ကစောပလိုအလယ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဆောင်ရွက်ရန်အတွက်
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ပြီး အားပေးစကားပြောကြား
Jun 20,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့် မြစ်ကမ်းနံဘေးရှိ ကျေးရွာများနှင့် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးနှစ်မြုပ်၍ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြသော ရေဘေးသင့် အိမ်ထောင်စု များအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ ယနေ့နံနက် ၁၀ နာရီခန့်တွင် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 20,2022
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြီးမှုး၍ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကျုံးပတ်လမ်း၌ ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူ၌ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း စိုက်ပျိုးနည်းပညာပေးသင်တန်း ဖွင့်လှစ်
Jun 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း စိုက်ပျိုးနည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ (DRUM SEEDER) နှင့် လူထိုင်စီး သမန်းမွှေ ကိရိယာဖြင့် ထွန်ယက်ခြင်း သရုပ်ပြပွဲကျင်းပ
Jun 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက တောင်ငူမြို့ ကန်ရိုးကျေးရွာ မိုးစပါးသရုပ်ပြစိုက်ကွင်း အတွင်း စပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ ( DRUM SEEDER ) နှင့် လူထိုင်စီး သမန်းမွှေ ကိရိယာဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အထူးအလေးထားဆောင်ရွက်
Jun 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများက
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်၌ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ
Jun 20,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် “လပြည့်ဝန်း”လူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများတွင် ကိုယ်ကျိုးစွန့်၍ ပရဟိတ ဆောင်ရွက်ပေးခဲ့မှုအား ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ထပ်ဆင့်ပေးအပ်ပွဲနှင့် အသင်းဝင်မိသားစုများ၏ သားသမီးများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသား/သူများအား ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်နယ်မြေရှိ အဆိုပါအသင်းရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17601
Page
17602
Page
17603
Page
17604
Current page
17605
Page
17606
Page
17607
Page
17608
Page
17609
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department