နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာ(မိုး)သီးနှံ သီးသန့်၊ သီးညှပ်စိုက်ပျိုးနေမှု အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်မောက် ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာ(မိုး)သီးနှံ သီးသန့်၊ သီးညှပ်စိုက်ပျိုး နေမှု အခြေအနေများကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် ဝန်ထမ်းများက အင်းကုန်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။

နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာ (မိုး) ဆီထွက်သီးနှံ စိုက်ပျိုးရာ၌ လျာထားဧကများ တွင်အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ နေကြာစိုက်ပျိုး ရန်ပါဝင်သည့်ကျေးရွာများ၌ နေကြာ (မိုး) သီးညှပ်စိုက်ပျိုးဧက (၃၄၆၀၈) ဧကနှင့် သီးသန့်စိုက်ပျိုးဧက (၃၀၈၁) စုစုပေါင်း စိုက်ပျိုးဧက (၃၇၆၈၉) ဧကရှိပြီး စိုက်ပျိုးပြီးစီးသည့် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်းသိရသည်။

သင်းသင်းမြတ်