စုကလိမြို့တွင် စနစ်တကျအမှိုက်စွန့်ပစ်ခြင်း အသိပညာပေး Talk Show ကျင်းပ

စုကလိ ဇွန် ၂၀

ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မိမိတို့ဌာန၏ လုပ်ငန်းစဉ်များကို အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် အများပြည်သူများအား အသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် Talk Show များအား အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးပေးနေပြီး ပြည်သူများထံသို့ Online မှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန Community Center တွင် စနစ်တကျအမှိုက်စွန့်ပစ်ခြင်း အသိပညာပေး Talk Show ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ စနစ်တကျအမှိုက်စွန့်ပစ်ခြင်း အသိပညာပေး Talk Show တွင် စနစ်တကျအမှိုက်စွန့်ပစ်ဖို့ ဘာကြောင့်လိုတာလည်း၊ အမှိုက်တွေကိုအမျိုးအစားဘယ်လိုခွဲမလည်း၊ အမှိုက်များကို စနစ်တကျမစွန့်ပစ်လျှင် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများအကြောင်း၊ စနစ်တ ကျမစွန့်ပစ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်လာရခြင်းများ၊ အမှိုက်စွန့်ပစ်ခြင်းအတွက် အသိပညာပေးဆောင်ရွက်ချက်များ၊ မြစ်ချောင်းများအတွင်း အမှိုက်များစွန့်ပစ်ခြင်းနှင့် ရေကြီးရေလျှံမှုဖြစ်ရခြင်းအကြောင်းများ၊ ပလပ်စတစ်များ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်နှင့် အငယ်တန်းစာရေးအင်အားပြ ဦးကိုကိုအောင်တို့က ဆွေးနွေးခဲ့ကြပြီး We love SUKALI. Page တွင် ထုတ်လွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုပိုအောင်(စုကလိ၊ ပြန်/ဆက်)