Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Nov 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ဆောင်ရွက် ခြင်းကို နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ ချောင်းတွင်းလမ်းမကြီး၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်း/အလယ်တန်းအဆင့် (အင်္ဂလိပ်-သင်္ချာ) နုတ်ဖြေစွမ်း ရည်ပြိုင်ပွဲ ကျင်းပ
Nov 21,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား အင်္ဂလိပ်စာဘာသာစကား ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာ စကားပြော ကျွမ်းကျင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အင်္ဂလိပ်/သင်္ချာ စွမ်းရည်နုတ်ဖြေပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ မေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် မိုးစပါးများ စတင်ရိတ်သိမ်း
Nov 21,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး (၉၇၉၇၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် စပါးများမှာ ယခုအခါ ရင့်မှည့်လာပြီဖြစ်သည့်အတွက် စပါးစိုက်တောင်သူများအနေဖြင့် မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Nov 21,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားများ၏ပင်စင် လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းနှင့်အညီ ပင်စင်လစာငွေထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆက်တိုက်ပြုလုပ်ဆောင်ရွက်
Nov 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ပွင်းလင်းရာသီရောက်ရှိတော့မည် ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျိုင်းတောင်းနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်တွင် ရပ်ကွက်အတွင်းရှိ အိုးအိမ်များသို့ တစ်အိမ်တကက်ဆင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် "ကမ္ဘာ့ကလေးများနေ့" အခမ်းအနားကျင်းပ
Nov 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မူလတန်းကြိုကျောင်း များမှ (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် "ကမ္ဘာ့ ကလေးများနေ့" အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ရုံးဝန်း အတွင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်တွင် အလှပန်းစိုက်ပျိုးခြင်းနှင့် အလှပန်းထိုးခြင်းဆိုင်ရာ လုပ်ငန်းခွင် သင်တန်းဖွင့်လှစ်
Nov 21,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာ၊ စုပေါင်းစိုက်ပျိုးရေးခြံတွင် အလှပန်းစိုက်ပျိုးခြင်းနှင့် အလှပန်းထိုးခြင်းဆိုင်ရာ လုပ်ငန်းခွင်သင်တန်းကို ယမန် နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Kunming Dian Wang Flowers ကုမ္ပဏီလီမိတက်နှင့် မြန်မာနိုင်ငံ Dian Wang Trading ကုမ္ပဏီလီမိတက်တို့၏ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သူနာပြုတက္ကသိုလ် (မန္တလေး)မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Nov 21,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သူနာပြုတက္ကသိုလ်(မန္တလေး)၏ M2 ခန်းမတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17579
Page
17580
Page
17581
Page
17582
Current page
17583
Page
17584
Page
17585
Page
17586
Page
17587
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department