အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာ ထည့်သွင်းစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်း၌ စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်(၂၆) တောင်သူဦးဋ္ဌေးအောင်၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက် (၆)နာရီအချိန်က စတင်ထုတ်ပေးကြောင်း သိရသည်။
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ် ၁ နာရီခွဲအချိန်က အသိပညာဗဟုသုတ ရရှိစေရန်အတွက် ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စုဝေးခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ရုံးများမှ ဝန်ထမ်းများအား ငွေစာရင်းဆိုင်ရာလုပ်ငန်းများကို သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ဇွန်လ ၁၈ ရက်နေ့မှစတင်ကာ “ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း”ကို ဖွင့်လှစ်ပို့ချသည်။
Jun 21,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သခင်မြလမ်းရှိ ရတနာသီရိမြို့ဦး ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းရှိ
Jun 21,2022
ယနေ့ နံနက် ၆:၄၀ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ကံဘဲ့စည်ပင်အိမ်ရာဝင်း အတွင်းသို့ စျေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသား၊ ငါးများစတင် ရောင်းချပေးနေမှုအား ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စည်ပင်ဌာနမှူးများ၊ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ပေါင်းစပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။