အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းသာယာ စိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက ဦးထွန်းအိုရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းမကြီးဘေးရှိ မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2022
ပဲခူးတက္ကသိုလ် ကျောင်းတွင်း အားကစားပြိုင်ပွဲများ၊ AUG ပြိုင်ပွဲများနှင့် ကျောင်းပေါင်းစုံ ဖိတ်ခေါ်ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈:၃၀)နာရီက ပဲခူးတက္ကသိုလ်ရှိ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရခွင့်ပြု ရန်ပုံငွေနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် ကျေးလက်ရေရရှိရေး အဝီစိတွင်း နက်တူးဖော်ခြင်းနှင့် ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများက ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်‌ ကျေးရွာများသို့ ပေါက်ခေါင်း မြို့နယ်ကျေးလက်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဇော်နှင့် ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 21,2022
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၇ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 21,2022
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့ဆက်ဆံရေးသင်တန်း (၁/၂၀၂၂)ကို ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသည်။
Jun 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ဂေဟစနစ်ထိမ်းညှိရန်၊ ဒေသခံပြည်သူများသစ်ပင်စိုက်ပျိုးသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍
Jun 21,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က ဟိုပန်မြို့၊