အမြို့မြို့အနယ်နယ်သတင်းများ

Nov 21,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အကျုံးဝင်သူပြည်သူများ မကျန်ရှိစေရေး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
Nov 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏လမ်းညွှန်မှုဖြင့် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်ဝန်ထမ်းများသည် ယနေ့ နံနက်က လူစည်ကားရာ နေရာများဖြစ်သော ကွက်သစ်လမ်းနှင့် အိမ်ကြီးလမ်းရှိ စျေးများတွင် ပျံကျဈေးသည်နှင့် ဈေးဝယ်များအား Hand Speaker ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မူလတန်းကြိုကျောင်း၌ (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယမန်နေ့က ကျင်းပသည်။
Nov 21,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သံဃနာယကနှင့်ဝိနည်းဓိုရ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ညောင်ပင်ကုန်းနှင့်ကင်မွန်းခြုံကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ လူထုအခြေပြုဗဟိုဌာန Community  Centre ရုံးခန်းတွင် ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က  ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသော “သောကကင်းစင်ပျော်ရွှင်ချမ်းသာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
Nov 21,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဆောင်းရာသီ၌ စိုက်ပျိုးသော ကုလားပဲများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်းသိရသည်။
Nov 21,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအား အင်္ဂလိပ်စာစွမ်းရည်နှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(နတ်တလင်း)ကျောင်းနှင့် အ.ထ.က(မြို့မ)ကျောင်းတို့တွင် ကျင်းပခဲ့သည်။