Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ရွာမရပ်ကွက်ရှိ သပြေညိုပညာဒါန အကျိုးဆောင်အသင်း၌ Graphic Design And Basic Computar Application Course အခြေခံကွန်ပျူတ…
Nov 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့်ရွာမရပ်ကွက်ရှိ သပြေညိုပညာဒါန အကျိုးဆောင်အသင်း၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က Graphic Design And Basic Computer Application Course အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ် (Community Centre) ခန်းမတွင် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ
Nov 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပညာရေးစနစ်နှင့် ကျန်းမာရေးအသိခေါင်းစဉ်ဖြင့် Book Club အဖွဲ့ စာဖတ်ဝိုင်းကို နိုဝင်ဘာဘာ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာငှားခြင်းလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်
Nov 21,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍ နယ်လှည့်စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းလုပ်ငန်းများကို ယနေ့၊ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး စာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 21,2022
အပြည်ပြည်ဆိုင်ရာကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်း နာရီစဉ်ပန်းခြံရှေ့တွင် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး ဦးဆောင်သည့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှပေးပို့သည့် ကလေးသူငယ်များအတွက် အသိပညာပေး လက်ကမ်းစာအုပ်များနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ (စတုထ္ထအကြိမ်) စိုက်ပျိုးရေးသုံး ယူရီးယားဓါတ်မြေသြဇာအိတ် (၄၀၀)ကို စျေးနှုန်း ချိုသာစွာ ဖြန့်ဖြူးရောင်းချ
Nov 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ၂၀၂၂ခုနှစ်၊ စပါးစိုက်ပျိုး တောင်သူများအား (စတုတ္ထအကြိမ်) ယူရီးယားဓါတ်မြေသြဇာများ စျေးနှုန်းချိုသာစွာဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ၌ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ မောင်မယ်သစ်လွင်နေ့ကျင်းပ
Nov 21,2022
ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းသို့ စတင်တက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူများအား မောင်မယ်သစ်လွင်နေ့ (Fresher’s Day) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)စုဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Nov 21,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီ အချိန်မှ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ်၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်းဖွင့်လှစ်
Nov 21,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်လာစေရေး ဒေသခံကျေးလက် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေးအတွက် တစ်ပိုင်တစ်နိုင် အိမ်တွင်း မှုလုပ်ငန်းများ လုပ်ကိုင်နိုင်စေရေးအတွက် အိမ်တွင်းမှုလုပ်ငန်းသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ အိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17583
Page
17584
Page
17585
Page
17586
Current page
17587
Page
17588
Page
17589
Page
17590
Page
17591
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department