Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောက်ဥက္ကလာပမြို့နယ်၌ ဒီဇင်ဘာလ ပထမပတ် လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 04,2022
“စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဟူသည့် ကျန်းမာရေးဆောင်ပုဒ်နှင့်အညီ ပြည်သူများကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်လက်အပန်းဖြေစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နံနက် ၅ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်၊၊
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်၌ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အားကစားပြိုင်ပွဲများ ကျင်းပ
Dec 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ၊ လူထုအားကစား လှုပ်ရှားမှု လျှပ်တပြတ်အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်တွင် ဆီနှင့် ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Dec 04,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယမန်နေ့နံနက် (၈း၀၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ စီမံကိန်း(၂)၊ ဝေနေယျသုခဓမ္မာရုံတွင် အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်ဆင်ဖြူကျွန်း စည်ပင်သာယာစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်း သရုပ်ပြ
Dec 04,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ စည်ပင်သာယာစျေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ဆင်ဖြူကျွန်းမြို့မီးသတ်ဦးစီးမှူး ဦးကြည်လင်နှင့် တပ်ဖွဲ့ဝင်များက အသိပညာပေးဟောပြောခြင်း လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးလုပ်ငန်းများ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စာအုပ်စာစောင်များ လှူဒါန်းမှုရရှိနိုင်ရေး ဌာနလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် မြို့နယ်စာရေးဆရာအသင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁:၀၀ နာရီက ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ဆောင်းနေကြာသီးနှံ(၃၁၅၀)ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း
Dec 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆောင်းနေကြာသီးနှံ (၃၁၅၀)ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြောက်၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပ
Dec 04,2022
၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မသန်စွမ်းအားကစားကွင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် မီးသတ်စခန်းတွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်း(၁/၂၂)ဆင်းပွဲ ကျင်းပ
Dec 04,2022
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်မြို့နယ် မီးသတ်စခန်းတွင် ယမန်နေ့ နံနက်(၉)နာရီက ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း(၁/၂၂) ဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးစောလွင်အေးက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာနိုင်ငံများတွင် ငလျင်ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်နေသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင် များနှင့်အတူ ရှေ့တန်းတွင်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17362
Page
17363
Page
17364
Page
17365
Current page
17366
Page
17367
Page
17368
Page
17369
Page
17370
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department