Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်မာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
Dec 05,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့၌ မွေးစမှ ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Dec 05,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေး ကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့တွင် ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Dec 05,2022
ပြည်သူများအနေဖြင့် နေ့စဉ်လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့လမ်းညွှန်မှု ကန့်ဘလူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆန်၊ ဆီနှင့်အခြား စားသောက်ကုန်များအား စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီက ကန့်ဘလမြို့ စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များနှင့် နို့တိုက်မိခင်များကို ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
Dec 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက် ကျွေးခြင်းများကို ကလေးမြို့အထွေထွေရောဂါကု ဆေးရုံကြီးတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော နို့တိုတ်မိခင်များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
Dec 05,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဦးတည်အုပ်စုများအလိုက် ရဟန်းရှင်လူပြည်သူများ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများနှင့် အသက် ၅ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စဥ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစည်းအဝေးကျင်းပ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းကြည့်ရှုစစ်ဆေး
Dec 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစည်းအဝေးကို ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင် (၇၅)မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ကျေးရွာပေါင်းစုံ(အလွတ်တန်း) ဘောလုံးပြို…
Dec 05,2022
ဇန်နဝါရီလ(၄)ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်ရှိ ရတနာဒီပ အားကစားကွင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ကျေးရွာပေါင်းစုံ(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နေ့လည် (၂)နာရီ၌ စတင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဆောင်ရွက်
Dec 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု ဒီဇင်ဘာလ(ပထမပတ်) စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီက ဟိုခုံဘုန်းကြီးကျောင်းရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ ပူးပေါင်းပါဝင်ဆင်နွဲခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17359
Page
17360
Page
17361
Page
17362
Current page
17363
Page
17364
Page
17365
Page
17366
Page
17367
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department