မိုင်းခတ်မြို့နယ်၌ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အားကစားပြိုင်ပွဲများ ကျင်းပ

မိုင်းခတ် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ၊ လူထုအားကစား လှုပ်ရှားမှု လျှပ်တပြတ်အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူထုအားကစားလှုပ်ရှားမှု လျှပ်တပြတ်အားကစားပြိုင်ပွဲများတွင် အမျိုးသားပိုက်ကျော်ခြင်း အားကစားနှင့် အမျိုးသမီးထုတ်ဆီးတိုး အားကစားများ ပါဝင်ပြီးပြိုင်ပွဲကို အပတ်စဉ်စနေနေ့‌ လူထုအားကစားစု‌ပေါင်းလမ်း‌လျှောက်ပွဲအပြီးတွင်မြို့နယ် အားကစားရုံ(စွပ်ပလောင်း)နှင့် အခြေခံပညာအထက်တန်း ကျောင်း(မိုင်းခတ်) ဘတ်စကက်ဘောကွင်းတို့တွင် ပျော်ရွှင်စွာကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

မြို့နယ် ပြန်/ဆက်