အမြို့မြို့အနယ်နယ်သတင်းများ

Dec 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ Gasifire အသုံးပြု လည်ပတ်လျက်ရှိသော ဆန်စက်များကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေး‌ ဆောင်ရွက်ခဲ့သည်။
Dec 05,2022
မော်လမြိုင်မြို့၊ မုရောင်းကျေးရွာရှိ မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာအတွင်း ဆောက်လုပ်လှူဒါန်းပြီးစီးခဲ့သည့်ထွန်းသမဏသုခကျောင်းဆောင်၊ အမှတ်(၁)ထွန်းသမဏသုခကျောင်းဆောင်၊ အမှတ်(၂)အဖွားဆောင်၊ ဝန်ထမ်းဆောင်၊ အုတ်တံတိုင်းခြံစည်းရိုးနှင့် မုခ်ဦးတို့အား မြတ်ဗုဒ္ဓဘုရားရှင်သာသနာတော်အတွက် ဆောက်လုပ်လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊တာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်သည်။
Dec 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးအဖွဲ့တို့ ပူးပေါင်းကာ ဆောင်းသီးနှံနေကြာ မျိုးစေ့ချစိုက်ပျိုးပွဲနှင့် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းအား ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က တံခွန်တိုင်ကျုံဝါးကျေးရွာအုပ်စု၊ ပျဉ်ထောင်စု ကျေးရွာ၌ ပြုလုပ်သည်။
Dec 05,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အနာဂတ်ရဲ့ရတနာလေးများဖြစ်ကြသော ကျောင်းသား/သူများ ဘာသာစကားဝေါဟာရကြွယ်၀စေရေး ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ စကားပြောကျွမ်းကျင်မှုစွမ်းရည်၊ တီထွင်ကြံဆတတ်မှု ထိုထွင်းသိမြင်နိုင်မှုစွမ်းရည် ပြဿနာဖြေရှင်နည်းလမ်းများနှင့် ပညာရပ်များဆိုင်ရာ လေ့လာသင်ယူမှု အရည်အသွေးမြင့်မားတိုးတက်စေရန်အတွက်
Dec 05,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပန်စွဲကျေးရွာအုပ်စု၊ လုံကော်ရွာရှိ ပန်စွဲကျေးရွာခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Dec 05,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ် ၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး ဆီထွက်သီးနှံဧက သုံးသောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။