အမြို့မြို့အနယ်နယ်သတင်းများ

Dec 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သီးနှံမျိုးစုံ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ရေပေးဝေနေသည့် ပျက်စီးနေသော မြောင်းများ၊ ပြွန်များနှင့် ရေကျအဆောက်အအုံများကို ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် နွားတက်မြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသဖြင့် မြေဧက(၃၀၀)ခန့်တွင် သီးနှံမျိုးစုံ အောင်မြင်စွာ စိုက်ပျိုးနိုင်ပြီး ဖြစ်ကြောင်း သိရသည်။
Dec 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကန့်လန့်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ အဆင်ပြေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Dec 04,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က ပဲနွယ်ကုန်းမြို့၊ သာသနာ့ပဇ္ဇောတာရုံကျောင်း(သံလမ်းကျောင်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 04,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လက်တက်ကျေးရွာ၌ မြေသားရေကန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းကို နိုဝင်ဘာလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
Dec 04,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ထပ်တိုးအကောင်အထည်ဖော် ဆောင်ရွက်မည့် အေးကျန့်အုပ်စု၊ အေးကျန့်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။
Dec 04,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အပတ်စဉ် စနေနေ့တိုင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်ခန့်က ကော့ထော်ကျေးရွာအုပ်စု ကော့ထော်ရွာသစ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
Dec 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 04,2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား အမျိုးသား(၇၀)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။