အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2022
ရန်ကုန်တိုင်း​ဒေသကြီး၊​ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ဒီဇင်ဘာလ (ဒုတိယပတ်) လူထုလှုပ်ရှား အားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်း လျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီ ၃၀ နာရီအချိန်က အမှတ်(၅)ရပ်ကွက် ပြည်​ထောင်စု​ကျောင်းလမ်းစုရပ်မှ စတင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်​နေပြည်သူ များက လမ်းလျှောက် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
Dec 10,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လက်ပံတန်းမြို့နယ်၏ ကျေးရွာ (၁၀) ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း(၁/၂၀၂၂)ကို လက်ပံတန်းမြို့နယ် ဂုံညင်းတန်းကျေးရွာအုပ်စုတွင် ဖွင့်လှစ်ပို့ချခဲ့သည်။
Dec 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ အမှတ်(၄) ရပ်ကွက်ရှိ ဟွာမှုန်အထည်ချုပ် စက်ရုံ အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့ သရုပ်ပြခြင်းကို ယမန်နေ့ နံနက်က အဆိုပါ စက်ရုံအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ အားကစားနှင့် ကာယပညာ ဦးစီးဌာနက တစ်မျိုးသားလုံး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီက ခရိုင်ပြည်သူ့ဆေးရုံရှေ့က စတင်၍ မြို့တွင်း လမ်းမများ တစ်လျှောက်တွင် စုပေါင်းလမ်းလျှောက်ပွဲကို ဆောင်ရွက်ခဲ့သည်။
Dec 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ "စိမ်းလန်းမြေ” ကျောင်းစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရေများ ပက်ဖြန်း၍ ဖွင့်လှစ်ပေးခဲ့ကြ သည်။
Dec 10,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၏ အထင်ကရနေရာ များတွင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် လာမည့် ပွင့်လင်းရာသီတွင် ခရီးသွားလာ လည်ပတ်သူများ၊ အများအပြား ဝင်ရောက်ပြီး အဆင်ပြေချောမွေ့စွာ လေ့လာလည်ပတ် နိုင်မှာဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်က ပြောသည်။
Dec 10,2022
ဒုတိယအပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျောက်ပွဲကို ကျောက်ဆည်မြို့ ပြည်သူ့အား စကားကွင်းတွင် ယနေ့နံနက်(၆)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့်  တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်နှင့် ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်စေရန်နှင့် သက်တမ်းစေ့ နေထိုင်နိုင်ရေး စသည့်အကျိုးကျေးဇူးများ ရရှိစေရန်အတွက် ပျော်ရွှင်စွာ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။