Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျွန်းလှမြို့နယ်၌ ဆောင်းနေကြာ မျိုးသန့်ပွားစံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Dec 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆောင်းနေကြာ မျိုးသန့်ပွားစံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြကို ယမန်နေ့ နံနက် ၇ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် ၄၉၆၊ တောင်သူ ဦးနိုင်၏ လယ်မြေ ၅ ဧက၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက် လိုက်လံဖွင့်လှစ်
Dec 11,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့ရှိ အမက(စိန်ကုန်း)နှင့် အမက(ရှမ်းစု) အခြေခံပညာမူလတန်းကျောင်းတို့၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ် မူလတန်းကြိုကျောင်း၌ ကျား/မ ရေးရာ(Gender)နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Dec 11,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကျား/မ ရေးရာ(Gender)နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာပျူဟာ စီမံကိန်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေံနံနက် ၁၁ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် ကြက်ခြေနီအသင်းမှ သွေးလှူဒါန်းခြင်းနှင့် ပါတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Dec 11,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမဆောင်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း စလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ သွေးလှူဒါန်းခြင်းနှင့် ပါတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကိုကြိုဆိုဂုဏ်ပြု အောင်သုခကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကျင်းပ
Dec 11,2022
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ သိမ်တောင်ရပ်ကွက်ရှိ အောင်သုခလမ်း (အပိုင်း-၂) ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန် အဆိုပါလမ်းမုဒ်ဦး ရှေ့၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန်ပျိုးများစတင်ပျိုးထောင်နေပြီဖြစ်
Dec 11,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုးတောင်သူများ ကြက်သွန်နီစိုက်ပျိုးရန် စတင်ပျိုးထောင်နေကြပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် သစ်ထောင့်ကျွန်းကျေးရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်ထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် မြေဆီစူပါဩဂဲနစ်သဘာဝမြေဩဇာ မိတ်ဆက်ခြင်းနှင့် တောင်သူများအား အသုံးပြုနိုင်ရေး ပညာပေး ဟောပြောပွဲပြုလုပ်
Dec 11,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူများစိုက်ပျိုးရေးကဏ္ဍတွင် အထွက်နှုန်းတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဩဂဲနစ်သဘာဝမြေဩဇာဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်းပြီး မြေဆီစူပါကုမ္ပဏီမှထုတ်လုပ်သည့် ဩဂဲနစ်သဘာဝမြေဩဇာအား တောင်သူများလက်တွေ့အသုံးချနိုင်ရေး ပညာပေးဟောပြောခြင်းနှင့် ကုန်ပစ္စည်းမိတ်ဆက် ရှင်းလင်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့က မြို့နယ်ကျွန်းသာယာခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ထေရဝါဒဗုဒ္ဓသာသနာပြု ဆရာတော်ကြီးများ၏ သြဝါဒခံယူပွဲကျင်းပ
Dec 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ထေရဝါဒ ဗုဒ္ဓသာသနာပြု ဆရာတော်ကြီးများ၏ ဩဝါဒခံယူပွဲကို ယမန်နေ့က ရှေထိကျေးရွာ၌ ကျင်းပကြောင်း မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17342
Page
17343
Page
17344
Page
17345
Current page
17346
Page
17347
Page
17348
Page
17349
Page
17350
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department