အမြို့မြို့အနယ်နယ်သတင်းများ

Dec 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာအားကစားလှုပ်ရှားမှု အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပခဲ့သည်။
Dec 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ၇၅ နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ​ရွှေဘိုအ​တွေး​ ရွှေဘို​သွေး စာ​ပေအနုပညာ မဂ္ဂဇင်းအမှတ်(၃)၊ ၂၀၂၂ ခုနှစ် စာအုပ်မှ၊ ဆရာမြတ်နိုင်ဦး(​ရွှေဘို) ရေးသားထားသည့် "​​အင်အား(၅)ရပ်"​ ဆောင်းပါးဖြင့် ယနေ့နံနက်(၁၀)နာရီချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
Dec 12,2022
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်‌ရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် အမှတ်(၃)ရပ်ကွက်၊ မဟာဘောဂလမ်းတွင် ရပ်ကွက်နေပြည်သူများစားသောက်ရေး အဆင်ပြေစေရန်အတွက် ဆီနှင့်ကြက်ဥများ ဈေးနှုန်း ချိုသာစွာဖြင့် ယမန်နေ့ နံနက်(၇)နာရီက ရောင်းချပေးလျက်ရှိသည်။
Dec 11,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသအချို့တွင် ရာသီစာ အညာဒေသထွက် ထန်းပင်မြစ် စိုက်ပျိုးရောင်းချသူများနှင့် တစ်ဆင့်ခံဖောက်သည်ဝယ်ယူရောင်းချလုပ်ကိုင်ကြသူများ မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Dec 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အသက်မွေးပညာများဒေသတွင်း ကျွမ်းကျင်သည့်ပညာဖြင့် မိသားစုဝင်ငွေ ရရှိစေရေးအတွက် ရည်ရွယ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့နံနက်ပိုင်းအချိန်က အကြပ်အင်းကျေးရွာအုပ်စု၊ အကြပ်အင်းကျေးရွာတွင် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေ တိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းတို့ ပူးပေါင်း၍ သက်မွေးဝမ်းကျောင်း သင်တန်း​များပေးခြင်းကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။