အမြို့မြို့အနယ်နယ်သတင်းများ

Dec 11,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် စားဝတ်နေရေးဖူလုံရေးအတွက် စဉ်ဆက်မပြတ် အားပေးကူညီလျက်ရှိရာ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာရှိ လှိုင်းဘွဲမျိုးသန့်ခြံ၌ နွေစပါးစိုက်တောင်သူများအား ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပြသ ကွင်းသရုပ်ပြခဲ့ပြီး သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ သည်။
Dec 11,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်နှင့် ညောင်လေးပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 11,2022
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ချီဖွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာ(၅)ရက်‌နေ့မှ ဒီဇင်ဘာ(၈) ရက်နေ့အထိ ထွမ်းရှိန်ကျေးရွာ၊ နုဇုန်ဘောင်‌ကျေးရွာ၊ ဖီမော်ကျေးရွာ၊ ကန်းဖန့်ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာရှိ ကွင်းအမှတ်(၁၉၆၂)၊ ဦးပိုင်အမှတ်(၂၇/၁)၊ တောင်သူဦးဝင်းနိုင်၏ လယ်မြေ(၄)ဧက၌ ဆောင်းသီးနှံ(နေကြာ) သီးသန့်စိုက်ပျိုးမှု မျိုးစေ့ချပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြသည်။
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီတွင် ကော့စိန်ကျေးရွာအုပ်စု ပိုင်စော်နံ ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း​​ဆောင်ရွက် ခဲ့ကြသည်။
Dec 11,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် (ပဥ္စမ)အကြိမ် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
Dec 11,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Dec 11,2022
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများ စတင်ကောက်ယူရောင်းချလျက်ရှိရာ ယမန်နှစ်ထက် ဈေးအနည်းငယ်ပိုမိုရရှိသည့်အတွက် ဝါစိုက်ပျိုးတောင်သူများအတွက် အဆင်ပြေကြောင်း သိရှိရသည်။