Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချမ်းမြသာစည်မြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Dec 11,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၃ ရပ်ကွက်၊ ၆၁လမ်း၊ ၁၀၇ (C) x၁၀၈လမ်းကြား၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ ၁၅:၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ရှမ်းကျောင်းကြီးဓမ္မာရုံ အတွင်း၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အဘိဓမ္မာနှင့် ဝိသုဓိမဂ် စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂နာရီမှ ညနေ ၄ နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်တွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဒုတိယအဆင့်ဖြေဆို
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေနံ့သာရပ်ကွက်၊ အာဇာနည်လမ်း၊ မင်္ဂလာဗျူဟာ အသင်းဓမ္မာရုံတွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်ဒုတိယအဆင့်စာမေးပွဲ ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် မွန်းတည့်(၁၂:၀၀)အချိန်က ဖြေဆိုခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်တွင် ဆီနှင့်ကြက်ဥများအား သက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက်၊ နှစ်ကျိတ်ရှစ်ဆူဆွမ်းလောင်းဓမ္မာရုံ၌ ဆီနှင့်ကြက်ဥများကို ပြည်သူ များအား ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်၌ သက်သာသော စျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား ဆက်လက်ရောင်းချ
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၉:၀၀)နာရီ၌ ၇/အရှေ့ရပ်ကွက်၊ နှစ်ကျိပ် ရှစ်ဆူဓမ္မာရုံ၌ စားဝတ်နေရေး အခက်အခဲရှိသည့် ပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်းများ ဖြစ်သည့် ဆီ၊ ကြက်ဥများအား ရောင်းချပေးရာတွင် အိမ်ထောင်စု(၁)စုလျှင် ဆီ ၅၀ ကျပ်သားလျှင် ငွေကျပ်(၂၂၂၅)နှုန်းနှင့် ကြက်ဥ(၁)လုံးငွေကျပ်(၁၇၅)ကျပ်နှုန်းဖြင့် ကြက်ဥ (၅)လုံး (၈၇၅)ကျပ် တို့ကိုစျေးနှုန်းသက်သာစွာဖြင့် ရောင်းချရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာဝင်း၏စီမံ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး၊ ပရဟိတလူမှုကူညီရေးအသင်းများ ပူးပေါင်း၍ စျေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းသတ်မှတ်ချက်များ သိရှိလိုက်နာ တတ်စေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၃၀)အချိန်က သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက် ပရီမီယားကော်ဖီမစ်စက်ရုံ အစည်းအဝေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောဆွေနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် အစိုးရ အဘိဓမ္မာ၊ဋီကာကျော်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကျင်းပ
Dec 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ အဘိဓမ္မာ စာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မိုးကောင်းဆုတောင်းပြည့် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5) စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Dec 11,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အ.ထ.က (ကျိုက်မရော) ပညာအားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17345
Page
17346
Page
17347
Page
17348
Current page
17349
Page
17350
Page
17351
Page
17352
Page
17353
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department