အမြို့မြို့အနယ်နယ်သတင်းများ

Dec 11,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း (၆၆/၆)ရှိ မြေပြင်တွင် စာရင်းများကွင်းဆင်းကောက်ယူနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ကြောင်း သိရသည်။
Dec 11,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး(၄၆)ကြိမ်မြောက် မဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကျင်းပရန်အတွက် ဆရာတော်ကြီးများ၏ ဩဝါဒခံယူပွဲကို စက္ကိန်းတဲဘုရားရင်ပြင်ပေါ်ရှိနန်းထိုက်ဓမ္မာ၌ ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်သည်။
Dec 11,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာတွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် သီရိမင်္ဂလာ အန္တရာယ်ကင်းရန်စွယ်ရှင်းကောင်းခြင်း ပြည့်စုံသဲစေတီ၏ (၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းလောင်းလှူပူဇော်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်(နတ်တော်လပြည့်ကျော် ၄ ရက်)နေ့နံနက် ၉ နာရီက ချောင်းမကြီးကျေးရွာ၏ အရှေ့ဘက် ယောချောင်းအတွင်းရှိ သီရိမင်္ဂလာ အန္တရာယ်ကင်း ရန်စွယ်ရှင်း ကောင်းခြင်းပြည့်စုံ သဲစေတီ၌ ကျင်းပပြုလုပ်သည်။
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၉)နာရီအချိန်က သက္ကယ်ချောင်းကျေးရွာ အုပ်စု၊ သက္ကယ်ချောင်း ကျေးရွာကွင်းအမှတ် (၁၃၃၆/ခ) ဦးပိုင်အမှတ် (၃၈/၄ )နှင့် ကွင်းအမှတ် (၁၃၃၆/ခ)ဦးပိုင်အမှတ်(၄၂/၁)တောင်သူ ဦးလှဝင်း၏လယ်မြေ ၂ ဒဿမ ၅ ဧကတွင် နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မျိုးစေ့ချကရိယာဖြင့် နေကြာစိုက်ပျိုးမှု သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြမ္မာပြာသာကျေးရွာအုပ်စု တွင်ကျင်းပပြုလုပ်ခဲ့သည်။
Dec 11,2022
ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)သို့ သွားရောက်ပြီး သင်တန်း တက်ရောက်လျက်ရှိသော တိုင်းရင်းသား သင်တန်းသား/သင်တန်းသူများ အင်အားဖြည့် စားသောက်နိုင်ရန် ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
Dec 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ဒီဇင်ဘာအခန်းဆုံးစစ်ဆေးခြင်းစာမေးပွဲများကို စစ်ဆေးလျက်ရှိရာ အ.ထ.က မိုင်းနောင်ကျောင်းတွင်လည်း ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်(၁၁)နာရီအချိန်မှ စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။