အမြို့မြို့အနယ်နယ်သတင်းများ

Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပဒက်ကျေးရွာအုပ်စု ကျုံတုံးကျေးရွာတွင် အလှူရှင်တစ်ဦးလှူဒါန်းမှုဖြင့် သိန်း(၇၂၀)ကျပ်တန်ဖိုးရှိ ကျေးရွာဆက်သွယ်ရေး လမ်းမကြီးဖွင့်လှစ်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် လမ်းဖွင့်ပွဲပြုလုပ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 11,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဧရိယာအတွင်းရှိ ကွင်းအမှတ် (၁၁၂၃/ ၁၉၇၅) ၊ ဦးပိုင်အမှတ် (၆၅) တောင်သူ ဦးသိန်းဇော် စိုက်ပျိုးထားသည့်  ၂၀၂၂ မိုးစပါး ဧရာမင်းစပါးမျိုးစံကွက် ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၈နာရီက ဆောင်ရွက်သည်။
Dec 11,2022
ကလေးများ၏ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲအား ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပင်းတယမြို့ မူလတန်းကြိုကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တောင်ကြီးမြို့နယ်၏ စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီကကျင်းပသည်။
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ကျုံကဒွန်း ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို​ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က၊ ကျုံကဒွန်းကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Dec 11,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မိုးစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက အောင်မြေရိပ်သာကျေးရွာအုပ်စု၊ အောင်မြေ ရိပ်သာကျေးရွာ၊ ကွင်းအမှတ်( ၁၃၉၇)ကွင်း၊ တောင်သူ ဦးအေးဖေ၏ မနောသုခမိုးစပါးစိုက်ခင်း တွင် ကျင်းပခဲ့သည်။