အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင်  မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်၁၀နာရီတွင် ပြုလုပ်ကြောင်းသိရသည်။
Dec 13,2022
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်​​ပြပွဲ နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 13,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံပြီး၊ လူအများရှေ့တွင် စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာ ဗဟုသုတများဖြင့် ပြည့်စုံသောလူငယ်များပေါ်ထွန်းလာစေရန် မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး  လူငယ်စကားဝိုင်းကို  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သာစည်မြို့အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း သူရိယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 13,2022
လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းများ ကျင်းပဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်)၊ သဇင်ခန်းမတွင် ယနေ့နံနက်(၁၀)နာရီခွဲက လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။
Dec 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ ဟင်္သာခန်းမတွင် ကျင်းပခဲ့ပါသည်။