အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းတောင်ရပ်ကွက်အတွင်းသို့ စာအုပ်စာစောင်များကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။
Dec 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
Dec 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
Dec 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဒေသခံတောင်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသော်လည်း ယခင်နှစ်များက နနွင်းတက်များ ဈေးကောင်းရရှိခဲ့ကြ၍ ယခုနှစ်တွင် နနွင်းများကို တိုးချဲ့ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
Dec 13,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တပ်တောင်မြို့၌ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တပ်တောင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ (အထက) အားကစားကွင်း၌ ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာကန်၏ အနောက်ဘက်ကပ်လျက်တည်ရှိသော အုတ်နှဲဘုတ်ကျေးရွာတွင် နှစ်စဉ်လာရောက်နေကျဖြစ်ဆောင်းခိုငှက်များ လာရောက်ကျက်စားလျက်ရှိကြောင်း အဆိုပါကျေးရွာဒေသခံ ဦးသန်းကြိုင်ထံက  သိရသည်။
Dec 13,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲပြသဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။