အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2022
ပဲခူးမြို့၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီအချိန်က ပဲခူးမြို့ဥဿာမြို့သစ်(၈)ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းနှင့် ပဲခူးမြို့ရှောင်လမ်းကြား(Public Area)တွင်ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့်အစိုးရအဖွဲ့ဝန်ကြီးများ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများများ၊ ပဲခူးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် ယ​မန်နေ့၊ နေ့လယ်  ၂ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် Youth club အဖွဲ့ဝင်များအား Mobile ဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်း ရက်တိုသင်တန်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပလောက်နယ်မြေ မီးသတ်စခန်းသို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 13,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 13,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းသားအားကစားပွဲတော်အတွက် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံလူရွေးပွဲကို ယမန်နေ့မှစ၍ အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
Dec 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Dec 13,2022
ပေါက်ခေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အခြေခံဆောင်းပါးရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။