အမြို့မြို့အနယ်နယ်သတင်းများ

Dec 12,2022
သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်း စိုက်ပျိုးထားသော မိုးစပါးစံကွက်များ ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက မင်းလှကျေးရွာအုပ်စု ကွင်းအမှတ် ၁၈၄၂ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသက်သာမနောသုခစိုက်ခင်း ၄ ဧက၌ ပြုလုပ်ကြောင်းသိရသည်။
Dec 12,2022
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန (သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်)ခရိုင် အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉,၃၀)နာရီ အချိန်က အရှေ့ပိုင်းခရိုင် ရုံးစိုက်ရာ၊ သာကေတမြို့နယ်၊ (၁၀)တောင်ရပ်ကွက်၊ အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Dec 12,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ အနီကပ်ကြီးကြပ်မှုဖြင့် အမရပူရမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းနှင့် ကျန်တန်းရပ်ကွက် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နေ့ ၁ နာရီအချိန်က အဆိုပါရပ်ကွက်ရှိ ဦးလင်း  ဘုရားဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသော (ဆင်းရွှေကြာ-၂) နေကြာ မျိုးများ ဖူလုံပိုလျှံရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးစေ့များ၊ စိုက်ပျိုးနည်းပညာများ ကူညီပံ့ပိုးမှုဖြင့် ကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူ(၂၉)၏ ယာမြေများတွင် စိုက်ပျိုးထားရှိရာ မှိုင်းပန်ကျေးရွာ ကွင်းအမှတ်(၃၂၃-ခ) ဦးပိုင်အမှတ်(၈၀) တောင်သူဦးလှဌေး၏ ယာမြေ(၁၀)ဧတွင် စိုက်ပျိုးထားသော (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။  
Dec 12,2022
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ် မြတ်နိုးသူများအသင်း (BookClub)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲတွင် အခြေခံပညာ အထက်တန်းကျောင်း(ရွှေဥဩ) အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
Dec 12,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများကလူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့်နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင် သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။