အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2022
ကရင်ပြည်နယ်၊ ​ကော့ာကရိတ်မြို့၌ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံ၍ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းခြင်း အစည်းအဝေးကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ကျင်းပပြလုပ်သည်။
Dec 15,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးကျင်းပသည့် အားကစားပြိုင်ပွဲကို ကုန်သည်တန်းရပ်ကွက်၊ နန်းတော်ရာကုန်းဘေး ဘောလုံးကွင်းဟောင်းအတွင်း၌ ယနေ့နံနက် ၉ နာရီစတင် ကျင်းပခဲ့သည်။
Dec 15,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှဥပဒေအမှတ် (၄၆/၂၀၂၂)ဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့်အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအား မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေချပြရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာဖတ်ပရိတ်သတ်များ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ စာပေမှအသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေမှရရှိသော ဗဟုသုတများအား အချင်းချင်းအသိပညာများ မျှဝေတတ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာရေးဆရာဒေါက်တာ မြင့်သန်း(ညောင်လေးပင်)ရေးသားသည့် "မင်္ဂလာပါခင်ဗျာနှင့် အတွေးရသစာစုများ" စာအုပ်အားစာဖတ်ဝိုင်းကျင်းပပြု လုပ်ခဲ့သည်။
Dec 15,2022
၂၀၂၂ ခုနှစ် (၆၃)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၇) နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ရွှေတြိဂံဂေါက်ကလပ်၌ ကျင်းပသည်။
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့အတွင်း စားသောက်ကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေသောဆိုင်များတွင် ရောင်းချလျက်ရှိ‌သော အေးခဲသားများတွင် ကုန်အညွှန်းအမှတ်အသားမြန်မာဘာသာဖြင့်ရေးသားရာတွင် ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
Dec 15,2022
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ငွေလုံးငွေရင်း အသုံးစရိတ် လျာထားချက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။