အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2022
မန္တတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အသိပေးရှင်းလင်းပွဲကို ယနေ့နံနက်( ၁ဝး၀၀) နာရီက သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက် "ရွှေဝါဝင်း"  ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 15,2022
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ နိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆုရ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
Dec 15,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံ ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ က တာဝကျေးရွာ အခြေခံပညာ မူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ကုတင် ၅၀၀ ဆံ့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး အကူသူနာပြု(ပြင်ပ)၉လသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပြုလုပ်သည်။
Dec 15,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဆေးရောင်ခြယ် ပြိုင်ပွဲကို ဒီဇင်ဘာ ၁၅ ရက် နေ့လည် ၁၂ နာရီက ကျင်းပသည်။ 
Dec 15,2022
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင်ရသေ့တောင်မြို့ရှိ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် “မျောက်ကျောက်ရောဂါအကြောင်း” သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။