အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ရေတွင်းကုန်း - ကွင်းပေါက် - ရွှေမုယင်း ဒေသများသည် ယခင်က ကုန်ထုတ်လမ်းအဖြစ် ရေလမ်းကိုသာ အဓိကထား အသုံးပြုနေရပြီး သွားလာရခက်ခဲသော ဒေသတစ်ခုဖြစ်သည့်အတွက် ယခုအခါ ရွှေမုယင်းဒေသ သို့ဆက်သွယ်၍ ကုန်ထုတ်လမ်း ဖောက်လုပ်မည့် မမျိုးစု-ကင်းရွာ-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက် လမ်းကိုရာသီမရွေး သွားလာနိုင်ရန်အတွက် ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် မြေသားလမ်းဖောက်လုပ်ရာမှ ကွန်ကရစ်လမ်း အဆင့်မြင့်တင်ခြင်းဖြစ်ကြောင်းသိရသည်။
Dec 15,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် တောင်ငူမြို့ ဇီးဒိုင်းကျေးရွာ၌  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ဟင်္သာရွှေမြေ (ပဲခူးတိုင်းဒေသကြီး) တောင်သူလယ်သမားအဖွဲ့အစည်းတို့ပူးပေါင်း၍ သက်မွေးဝမ်းကျောင်းသင်တန်း ဖွင့်လှစ်သည်။
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျင်းပပြုလုပ်မည့် အသက်(၁၈)အောက် ဘော်လုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများနှင့် ပြေးခုန်ပစ် ကျောင်းသားအားကစား ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နိုင်ရန်အတွက် ကျောက်ဆည်ခရိုင်မှ အဖွဲ့ခေါင်းဆောင်အပါအဝင် ဒိုင်လူကြီးမျးနှင့် နည်းပြအုပ်ချုပ်သူ(၂၀)ဦး၊ အားကစားသမား(၈၁)ဦး စုစုပေါင်း(၁၀၁)ဦး ဒီဇင်ဘာ (၂၅) ရက်နေ့နံနက်ပိုင်းတွင် သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။  
Dec 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ကယ်ဆယ်ဆယ်ရေးသဏ္ဍာန်တူ စုပေါင်းဇာတ်တိုက်လေ့ကျင့်နိုင်ရေး စုပေါင်းစီမံချက် ရေးဆွဲခြင်းကို ယနေ့နံနက် ၁၀ နာရီက နတ်ပုတီးကျေးရွာ၊ ဓမ္မာရုံကျောင်းတွင် ပြုလုပ်ခဲ့သည်။
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အလက ခလရ (၁၄)ကျောင်းတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးဌာနဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
Dec 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  (Community Center)ခန်းမတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
Dec 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဒီဇင်ဘာလ (၁၅) ရက်၊ နံနက်(၁၀)နာရီအချိန်က ဝန်ထမ်းများနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနားလည်လာစေရန်၊ ရုံးလုပ်ငန်းများ ကျွမ်းကျင်လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်နှင့် ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။