အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ရွှေဘုံသာကျေးရွာအုပ်စု သာစည်ကျေးရွာတွင် ထန်းပင်မြစ်စိုက်ပျိုးရောင်းချခြင်းဖြင့် စျေးကောင်းရရှိ၍ မိသားစုအဆင်ပြေလျက်ရှိကြောင်းကို  သာစည်ကျေးရွာ ထန်းပင်မြစ်စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
Dec 18,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာမှ ထိန်းအိုလုပ်ငန်းလုပ်ကိုင်သူ များ ထန်းတက်ရာသီ စတင်ချိန် ထန်းမြူအိုးများ အရောင်းတွက်၍ အဆင်ပြေလျက်ရှိကြောင်း  သိရသည်။
Dec 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ကားကြီးဝန်းရှေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Dec 18,2022
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍
Dec 18,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် Community Centre ခန်းမတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)သင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ပန်းခင်းစီမံချက်-၂ အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းထုတ်ပေးခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကြက်ရှာကျေးရွာအုပ်စု၊ ဓမ္မသုခကျောင်းတိုက်၊ စိတ္တသုခဗိမာန်တော်၌ ဆောင်ရွက်သည်။
Dec 18,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိဦးစစ်နိုင်ထွန်းနှင့်ဝန်ထမ်းများသည် မြေငလျင်ဘေးပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ကမြို့မဈေးအတွင်း အပြင်ဈေးရောင်း ဈေးဝယ်ပြုလုပ်နေသောပြည်သူများ၊ ရပ်ကွက်များသို့ လှည့်လည်၍ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Dec 18,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆည်မုန်းကျေးရွာအုပ်စု၊ ခုံစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။