သံဖြူဇရပ် ဒီဇင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှဥပဒေအမှတ် (၄၆/၂၀၂၂)ဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့်အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအား မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေချပြရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ထွန်းက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ပါရည်ရွယ်ချက်၊ ပြဒါန်းချက်၊ ပြစ်မှုပြစ်ဒဏ်များ၊ အသင်းအဖွဲ့ဖွဲ့စည်းခြင်းနှင့် သတိပြုရမည့်အချက်များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ရှင်းလင်းခြင်းအခမ်းအနားသို့ တက်ရောက်လာသူများက အသင်းအဖွဲ့မှတ်ပုံတင်တင်ခြင်းဆိုင်ရာ သိရှိလိုသည်များကို မေးမြန်းဆွေးရာတာဝန်ရှိသူမှ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)