မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

မံစီ     ဒီဇင်ဘာ    ၁၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဆေးရောင်ခြယ် ပြိုင်ပွဲကို ဒီဇင်ဘာ ၁၅ ရက် နေ့လည် ၁၂ နာရီက ကျင်းပသည်။ 

အဆိုပါဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ ကိုယ်တိုင်တီထွင်ဖန်တီးတတ်သည့် အတွေးအခေါ်များရရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ် ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူကလေးငယ်များ စုစုပေါင်း (၂၅) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသားကျောင်းသူများအားလုံးကိုလည်း အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)